အပူဒါဏ်ကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ ပင်ပန်းမှု ကင်းစေဖို့ လိုက်နာသင့်တာလေးတွေ
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင်ကိုရော ဗိုက်ထဲက ရင်သွေးလေးကိုပါ ထိခိုက်မှု မရှိအောင် ဂရုစိုက်ရတာက အတော်လေး ရင်ခုန်စိတ်လှုပ်ရှားရတဲ့ စိတ်ခေါ်မှု တစ်ရပ်ပါ။ ဒီလို ဂရုစိုက်ရတဲ့အထဲမှာမှ နွေပူပူမှာဆိုရင် ပိုပြီးတောင် ခက်ခဲဦးမယ်ဆိုတာကို ပြောနေစရာကိုတောင် မလိုအောင်ပါ။ ဒီတော့ နွေရာသီမှာ ကိုယ်ဝန်ဆောင်မေမေတို့ ပင်ပန်းမှု ကင်းအောင်ဘယ်လိုနေမယ် စိတ်ကူးလဲ?
နွေရာသီမှာ ပင်ပန်းမှုကင်းစေဖို့ ကိုယ်ဝန်ဆောင်မေမေတို့ ဘယ်လိုလိုက်နာနေထိုင်ရမလဲဆိုတာကို ပြောပြပေးထားတာမို့ စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။
နွေရာသီက ဘာကြောင့် ကိုယ်ဝန်ဆောင်တွေကို ခက်ခဲစေသလဲ?
နွေရာသီက ကိုယ်ဝန်ဆောင်တွေအတွက် တကယ်ပဲ ခက်ခဲပါတယ်။ ၂၅ ပေါင်လောက်အလေးချိန် ရှိတဲ့ ဂျုံအိတ်ကြီးကို လွယ်ပိုးထားရသလို လေးလံနေတဲ့ ကိုယ်ခန္ဓာကြီးကို ထမ်းပိုးထားရတဲ့ ကိုယ်ဝန်ဆောင်တွေက ပုံမှန်ထက် ပိုပြီး အပူချိန်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာပါ။ ဒီလို ပုံမှန်ထက် အပူချိန်ကို ပိုခံစားနေရတဲ့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ပတ်ဝန်းကျင် အပူချိန် ပိုမြင့်နေချိန်မှာတော့ ခက်ခဲမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါပဲ။
နွေပူပူမှာ ကိုယ်ဝန်ဆောင်မိခင်တွေ ပင်ပန်းမှု ကင်းစေဖို့ ဘာတွေကို သတိထားရမလဲ?
နွေပူပူမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ပင်ပန်းမှု ကင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။
သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါ
နွေရာသီမှာ ကိုယ်ဝန်ဆောင်တွေအတွက် အဆိုးဆုံးက သက်တောင့်သက်သာ မဖြစ်တာပါ။ အပူချိန် နဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေကြောင့် မအီမသာဖြစ်တာကို တော်တော်လေး ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပင်ပန်းမှု ကင်းစေဖို့ဆိုရင် သက်တောင့်သက်သာဖြစ်စေမယ့် အဝတ်အစားလေးတွေကို ဝတ်ဆင်ပါ။ ချည်သား ပွပွချောင်ချောင်လေးတွေက အကောာင်းဆုံး ဖြစ်မှာပါ။ နေရောင်နဲ့ ထိတွေ့မှု နည်းနိုင်သမျှ နည်းအောင်နေပါ။
နေရောင်နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင် နေပါ
နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာက အပူကြောင့် ပင်ပန်းနွမ်းနယ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အပူကြောင့် ပင်ပန်းမှု သက်သာစေဖို့ဆိုရင်တော့ နွေရာသီအပူချိန်မြင့်နေချိန်မှာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုး မရှိအောင် ဂရုစိုက်ပေးပါ။
ရေများများ သောက်ပေးပါ
ရေများများ သောက်တာက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မဖြစ်မနေ ဂရုစိုက်ဖို့ လိုမယ့် အချက်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိဖို့အတွက် ရေများများသောက်မိဖို့က မေ့ထားလို့ မရပါဘူး။ ဒါကြောင့် နွေပူနေချိန်မှာ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် ကနေ ၁၀ ခွက် အထိ သောက်ပေးဖို့ လိုပါမယ်။ အပြင်ထွက်လို့ ချွေးထွက်များမယ်ဆိုရင် ရေကို ပိုသောက်ဖို့ လိုပါမယ်။ လိုအပ်မယ်ဆိုရင်တော့ ဓာတ်ဆားရည်ကို သောက်ပေးဖို့ လိုပါမယ်။
နေလောင်ကာခရင်မ် လိမ်းပါ
ကိုယ်ဝန်ဆောင်ချိန်မှာ နေလောင်တာရော နေပူဒဏ်ကနေပါ ကာကွယ်ဖို့အတွက် အပြင်ထွက်ခါနီးတိုင်း နေလေင်ကာခရင်မ် လိမ်းပေးပါ။ ဒီလို လိမ်းပေးတာက အရေပြားကို နေလောင်ဒဏ်ကနေ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။
လေ့ကျင့်ခန်းတွေ ပြင်းပြင်ထန်ထန် မလုပ်ပါနဲ့
နွေပူနေချိန်မှာ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ မပင်ပန်းစေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းပဲ လုပ်ပါ။ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့။ နေအိမ်ထဲမှာပဲ အေးအေးဆေးဆေး လုပ်လို့ရမယ့် လေ့ကျင့်ခန်းလေးတွေပဲ လုပ်ပေးပါ။
ခြေထောက်တွေကို မြင့်မြင့်လေး ထားပေးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက်တွေ ဖောရောင်နေတတ်ပါတယ်။ ဒါကလည်း ကိုယ်ဝန်ဆောင်ကာလကို ပင်ပန်းစွာ ဖြတ်သန်းရစေတဲ့ အခြေအနေ တစ်ခုပေါ့။ ဒီအခြေအနေက နွေအပူချိန် ပြင်းလာချိန်မှာ ပိုဆိုးလာတတ်ပါတယ်။ ဒါကြောင့် ခြေထောက်တွေကို နွေအပူချိန် ပြင်းချိန်မှာ ရောင်ရမ်းမှု မဖြစ်စေဖို့ ခုံမြင့်မြင့်လေးမှာ တင်ထားပေးဖို့ မမေ့ပါနဲ့။
ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ချွေးထွက်လွယ်တာက တော်တော်များများ ခံစားရတဲ့ ကိုယ်ဝန်ဆောင်ချိန် အခြေအနေ တစ်ရပ်ပါ။ ဒီတော့ မလိုဘဲ ချွေးအပို မထွက်စေဖို့ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်း နဲ့ ကျန်းမာတဲ့ အဆီဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတဲ့ အစားအစာတွေကို စားပေးပါ။ ဒီလို စားပေးတာက ချွေးထွက်တာကို သက်သာစေသလို ကိုယ်ဝန်ဆောင်ချိန်မှာ ပင်ပန်းတာကိုလည်း သက်သာစေမှာဖြစ်ပါတယ်။
မွန်မွန်